၂၀၁၂ သြဂုတ်လ (၁) ရက်နေ့စွဲနဲ့ “အစ္စလာမ်မစ်သမ္မတရိုဟင်ဂျာနိုင်ငံတော်“ အဖြစ်ကြေညာချက်တစောင် ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံရဲ့အကျယ်အ၀န်းဟာ (16,042Km2) ရှိပြီး မြို့တော်ကို စစ်တွေလို့ ဖော်ပြထားပါတယ်။ ဒီကြေညာချက် မထွက်ခင်က တကျော့ပြန် အောက်တိုဘာ ရခိုင်အရေးအခင်းမဖြစ်သေးပါဘူး။ ဆိုတော့ ပြဿနာတွေ ဆက်လက်ဖြစ်ပေါ်လာအောင် လှုံ့ဆော်သလိုဖြစ်စေခဲ့တဲ့အပြင် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကပင် ကြိုးပမ်းချက်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ခြင်းကိုလည်း ညွန်းဆိုနေသလို တဘက်မှာ ရခိုင်၊ ဗမာ အပါအ၀င် တိုင်းရင်းသားပေါင်းစုံရဲ့ သံသယတွေကို ပိုမိုဖြစ်စေခဲ့၊ ဒေါသတွေကို ပိုဖြစ်စေခဲ့တယ်လို့ပြောရမှာဖြစ်တယ်။
လူမျိုးတုံးသတ်ဖြတ်မှုမရှိဘဲ လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ ပြောဆိုခြင်း၊ ဘာသာရေးပဋိပက္ခ မဖြစ်ပါဘဲလျက် ဘာသာရေးပဋိပက္ခဖြစ်နေပါတယ်လို့ ပြောဆိုခြင်းတွေဟာ အမှန်တကယ်ဖြစ်မယ့် ဘာသာရေးပဋိပက္ခဆိုတာ ဘင်္ဂလီတွေရဲ့ မဟာဗျူဟာလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ ဒီလမ်းကြောင်းပေါ်ကို မဖြစ်မနေရောက်အောင် မောင်းနှင်သွားမယ့် အနေအထားတွေရှိနေခြင်းဟာ နိုင်ငံတော်အတွက် စိန်ခေါ်မှုတွေဘဲလို့ သုံးသပ်ရမှာဖြစ်ပါတယ်။
သေနတ်တချက်ဖောက်စရာမလိုဘဲ နယ်မြေအချို့ကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဦးအေးသာအောင်ရဲ့ထောက်ပြမှုကို နိုင်ငံတော်အနေနဲ့ အထူးအလေးအနက်ထား စဉ်းစားဖို့ လိုအပ်သလို ဘင်္ဂလီတွေရဲ့ နောက်ထပ် မဟာဗျူဟာတခုဆိုတာကိုလည်း ထည့်တွက်ထားဖို့ အထူးလိုအပ်ပါတယ်။ (၁၄) ရာစုက ကိုဆိုဗိုမှာ ဆာ့တ်လူမျိုးက (၉၆) ရာခိုင်နှုန်းရှိပြီး အစ္စလာမ် အယ်ဘေးနီးယားက (၃) ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၁၉၉၁ ခုနှစ်မှာတော့ အစ္စလာမ်အယ်ဘေးနီးယားတွေက (၈၁.၆) ရာခိုင်နှုန်းဖြစ်သွားကာ ဆာ့တ်လူမျိုးတွေက (၉) ရာခိုင်နှုန်းဖြစ်သွားရပါတယ်။ ဆိုတော့ ရခိုင်တွေ တချိန်ကလူများစု ဖြစ်ခဲ့ပေမယ့်၊ လက်ရှိအနေအထားမှာ ဘင်္ဂလီတွေက အသာစီးရလျက်ရှိနေ ပါတယ်။ ဘူးသီးတောင်မှာ ဘင်္ဂလီ (၉၅)၊ မောင်တော (၉၆)၊ ရသေ့တောင် (၈၀) နဲ့ စစ်တွေမြို့မှာ (၅၅) ရာခိုင်နှုန်းထိ ရှိနေပါတယ်။ ဘာသာရေးအရ မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ မော်လ၀ီဆရာတွေရဲ့ သွန်သင်မှုတွေက ကလေးမွေးဖွားနှုန်းကို အားပေးနေတာကြောင့် နောက်ထပ် နယ်မြေအချို့ကိုသေနတ်တချက်ဖောက်စရာမလိုဘဲ ဆက်လက်သိမ်းပိုက်စေမယ့် မဟာဗျူဟာလည်း နိုင်ငံတော်အတွက် စိန်ခေါ်မှုတွေဖြစ်တယ်လို့ ပြောချင်ပါတယ်။
တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ မွတ်ဆလင်တွေရဲ့ လူအင်အားတိုးပွားနှုန်း (မွေးဖွားနှုန်း) မဟာဗျူဟာတွေနဲ့ ချီတက်ရင်း ယနေ့အချိန်မှာတော့ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရေး အန္တိမပန်းတိုင်ကို ရောက်ရှိနေခြင်းတွေကလည်း မြန်မာနိုင်ငံတော်အတွက် အကောင်းဆုံး သင်္ခန်းစာတွေ ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။ ။
ခိုင်လင်း (မေဃ၀တီ)
မေ (၂၉) ၂၀၁၃ ။ ၁၀း၁၁ ည
Credit : www.taunggyitime.com